ကလေးများကို AI၊ Game နှင့် အနာဂတ်နည်းပညာများ ဖန်တီးနိုင်အောင် လမ်းညွှန်ပေးနေပါသည်
ဂိမ်းကစားသူမှ ဂိမ်းဖန်တီးသူအဖြစ် ပြောင်းလဲနိုင်ရန်၊ ကလေးများကို ကိုယ်တိုင်စဉ်းစားနိုင်ပြီး ဖန်တီးနိုင်သော အရည်အချင်းများ တည်ဆောက်ပေးပါသည်။
🎮 ဂိမ်း ဖွံ့ဖြိုးတိုးတက်မှု
Scratch၊ Roblox၊ Unity စသည့် ကလေးအသက်အရွယ်နှင့် ကိုက်ညီသော tools များဖြင့် ကိုယ်ပိုင်ဂိမ်းများကို ဒီဇိုင်းဆွဲ၍ ဖန်တီးနိုင်အောင် သင်ကြားပေးပါသည်။
🤖 AI & Chatbot, Smart Apps
AI ဘယ်လိုအလုပ်လုပ်သလဲကို chatbot၊ smart app နှင့် automation project လေးများ ဖန်တီးရင်း လေ့လာနိုင်ပါသည်။
☁️ Linus and Cloud Infrastructure
အသက်ကြီးသော ကလေးများအတွက် server၊ cloud နှင့် အင်တာနက်အလုပ်လုပ်ပုံကို အဆင့်လိုက် လေ့လာစေပါသည်။
သင်ယူမှု အတွေးအခေါ်
စိတ်ဝင်စားမှုအခြေပြု သင်ယူမှု
"ဘာကြောင့်လဲ" ဆိုတဲ့ မေးခွန်းကို မေးတတ်တဲ့ ကလေးတစ်ယောက်ဟာ "ဒါကြောင့်ပဲ" လို့ အဖြေကိုပဲ မှတ်သားရတဲ့ ကလေးထက် ပိုမိုမြန်ဆန်စွာ သင်ယူနိုင်ပါတယ်။ ဆရာက လမ်းပြသူအဖြစ်သာ ဆောင်ရွက်ပြီး ကျောင်းသားက ကိုယ်တိုင်စူးစမ်းရှာဖွေသူဖြစ်စေမည့် Minimally Invasive Education ကို အားပေးကူညီပါတယ်။ အဖြေကို အမှန်တကယ် သိလိုစိတ်ရှိတဲ့ စူးစမ်းချင်စိတ်ရဲ့ စွမ်းရည်တွေကိုသာ ဖော်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
Real world projects တည်ဆောက်ခြင်းဖြင့် Backward Learning
ကျောင်းသားများကို အစမှာကတည်းက ပြီးပြည့်စုံတဲ့ Game တစ်ခု၊ AI automation တစ်ခု၊ အသုံးပြုလို့ရနေပြီဖြစ်တဲ့ Server တစ်ခု စတဲ့ "နောက်ဆုံးရလဒ်" ကို အရင်ပြသပေးပါတယ်။ ဒီလိုပြသပေးခြင်းဖြင့် ကလေးတွေမှာ အဲဒါကို "ဘယ်လိုလုပ်ရမလဲ" ဆိုတဲ့ သိလိုစိတ်ကို ချက်ချင်းဖြစ်ပေါ်စေပါတယ်။ ဤနည်းလမ်းဟာ သင်ယူမှုကို အံ့သြစရာကောင်းတဲ့အရာတစ်ခုကို ကိုယ်တိုင်ဖန်တီးရမယ့် "မစ်ရှင် (Mission)" တစ်ခုအဖြစ် ပြောင်းပေးလိုက်ပါတယ်။
Peer Team သင်ယူမှု
သင်ယူသူအချင်းချင်း အပြန်အလှန်သင်ကြားပြသပေးခြင်း၏ အကျိုးကျေးဇူးကို အလေးထားဖော်ဆောင်ပါသည်။ ကျောင်းသားတစ်ဦးက မိမိ၏သူငယ်ချင်းကို ခက်ခဲသောသင်ခန်းစာတစ်ခု နားလည်စေရန် ကူညီပေးခြင်းသည် မိမိကိုယ်တိုင်၏ နားလည်မှုကိုလည်း ပိုမိုခိုင်မာအောင် ပြန်လည်လေ့ကျင့်ခြင်းပင် ဖြစ်ပါသည်။
RPG-Style မစ်ရှင်များနှင့် အဆင့်များ
ကျွန်ုပ်တို့သည် ဂိမ်းကစားခြင်း၏ နည်းဗျူဟာများ၊ စွမ်းအားရှင်သူရဲကောင်းပုံပြင်များနှင့် စိန်ခေါ်မှုမစ်ရှင်များ (Quests) ကို အသုံးပြု၍ ကလေးများ၏ လက်တွေ့ဘဝ အခက်အခဲများကို မဆုတ်မနစ် ကျော်ဖြတ်လိုသည့် စိတ်ဓာတ်ကို တည်ဆောက်ပေးပါသည်။ သင်ခန်းစာများကိုအနာဂတ်သူရဲကောင်းများ၏ စိတ်ဝင်စားစရာ စွန့်စားခန်းများအဖြစ် ပုံဖော်ထားသည်လုပ်ငန်းစဉ်များကို ကျောင်းသားများသည် လိုက်ပါလုပ်ဆောင်ရင်း သင်ယူသွားကြရမည် ဖြစ်ပါသည်။
အသက်အုပ်စုများ
အသက် ၇-၉
ကစားခြင်းကို အခြေခံပြီး စဉ်းစားတွေးခေါ်မှုနှင့် ဖန်တီးနိုင်စွမ်းကို ပေါင်းစပ်သင်ကြားပေးပါသည်။ ရိုးရှင်းသော game လေးများ ကိုယ်တိုင်ဖန်တီးရင်း နည်းပညာလောကထဲသို့ ပျော်ရွှင်စွာ စတင်ဝင်ရောက်နိုင်မည့် အစီအစဉ်ဖြစ်ပါသည်။
အသက် ၁၀-၁၂
နည်းပညာကို အသုံးပြုသူအဆင့်မှ ဖန်တီးသူအဆင့်သို့ တက်လှမ်းမည့်အရွယ် ဖြစ်ပါသည်။ Coding အခြေခံများနှင့် AI သဘောတရားများကို လက်တွေ့ project ငယ်လေးများ ဖန်တီးရင်း ကျွမ်းကျင်အောင် လေ့ကျင့်ပေးသွားမည်ဖြစ်ပါသည်။
အသက် ၁၃-၁၆
အဆင့်မြင့် နည်းပညာများနှင့် server ပိုင်းဆိုင်ရာများကို အဖွဲ့အစည်းလိုက် လက်တွေ့လုပ်ဆောင်ရမည့် အဆင့်ဖြစ်ပါသည်။ နောင်တစ်ချိန် အလုပ်အကိုင်အခွင့်အလမ်းအတွက် အရေးပါသော ကိုယ်ပိုင် Portfolio ကောင်းတစ်ခုကိုလည်း တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
မိဘယုံကြည်မှု အပိုင်း
၀၁

အာရုံစူးစိုက်မှုကို အကောင်းဆုံးရရှိစေမည့် အတန်းငယ်
၀၂

အရည်အချင်းအခြေခံ သင်တန်းများ
၀၃

Graduation နှင့် project ပြပွဲ
၀၄
